နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, May 2, 2008

(၃) နှစ်နီးပါး ပိတ်ထားသည့် မဲဆောက်လေဆိပ် ပြန်ဖွင့်

NEJ/ ၁ မေ ၂၀၀၈

မဲဆောက်လေဆိပ် ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနား

(၃) နှစ်နီးပါးခန့် ပိတ်ထားခဲ့သည့် မဲဆောက်လေဆိပ် ပြန်လည်ဖွင့်လှစ်သည့်
အခမ်းအနားကို ယနေ့ နေ့လယ်တွင် ကျင်းပသည်။

ပြီးခဲ့သည့် ၂၀၀၅ခု၌ မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ဖူးကက်လေကြောင်း
လိုင်းမှ ခရီးသည်တင်လေယာဉ်တစီး မဲဆောက်လေဆိပ်သို့ အဆင်း ပြေးလမ်းမှ
ဘီးချော်သွားခဲ့ပြီး နောက်ပိုင်း လေယာဉ်ပြေးဆွဲမှု ရပ်တန့်ခဲ့သည်မှာ ယနေ့အထိ
ဖြစ်သည်။

ယခုလ (၁၅) ရက်တွင် စတင်ပြေးဆွဲမည့် လေကြောင်းလိုင်းမှာ Air Phoenix
ဖြစ်ပြီး တပတ်လျှင် (၄) ရက် မဲဆောက်-ဘန်ကောက် ပြေးဆွဲမည်ဖြစ်သည်။

ယနေ့ကျင်းပသည့် ဖွင့်ပွဲ အခမ်းအနားတွင် အဆိုပါ လေကြောင်းလိုင်းမှတာဝန်ရှိသူ
တဦးက "ကျနော်တို့ ဘန်ကောက်-မဲဆောက် လေယာဉ်ဈေးနှုန်းကို ယခင်ပြေးဆွဲ
သွားတဲ့လေကြောင်းလိုင်းထက် မပိုတဲ့နှုန်းထားကို ယူမှာဖြစ်တယ်" ဟု ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်နီးပါးက မဲဆောက်-ဘန်ကောက်ပြေးဆွဲခဲ့သည့် ဖူးကက်လေ
ကြောင်းလိုင်း၏ နှုန်းထားမှာ ဘတ်ငွေ (၂,၂၀၀) ဖြစ်ပြီး အသွားအပြန် ဘတ်
(၄,၀၀၀) သတ်မှတ်ထားသည်ဟု ထိုင်း ကုန်သည်ကြီးတဦးက ပြောသည်။

တာ့ခ်ခရိုင်ဝန် နိုင်ချွမ်းဖောဖွန်ရတ်က "ကျနော်တို့မဲဆောက်မှာ လေကြောင်းလိုင်း
မရှိတာ(၃) နှစ် နီးပါးရှိပြီ။ အစိုးရဝန်ထမ်းတွေ၊ ကုန်သည်တွေ၊ သံတမန်တွေ၊
ကမ္ဘာလှည့် ခရီးသည်တွေအတွက် အခက်အခဲဖြစ်ခဲ့ရတယ်။ အခုလေကြောင်းလိုင်း
ပြန်ဖွင့်မယ်ဆိုတော့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အိမ်နီးချင်းနိုင်ငံနဲ့
ကုန်သွယ်မှုကိုလည်း အထောက်အကူ ဖြစ်စေမှာဖြစ်တယ်"ဟု ပြောသည်။

ယခုကဲ့သို့ မဲဆောက်လေဆိပ် ပြန်ဖွင့်လိုက်သည့်အတွက် ခရီးသွားလုပ်ငန်းများ
တိုးတက်လာမည် ဖြစ်သကဲ့သို့ ဒုက္ခသည်စခန်းမှ တတိယနိုင်ငံသို့ ထွက်သည့်
မြန်မာဒုက္ခသည်များ အတွက်လည်း မဲဆောက်မှ ကားနှင့်တဆင့် ပို့ပေးနေရာမှ
လေယာဉ်နှင့် တိုက်ရိုက် ပို့ပေးနိုင်တော့မည်ဟု ၎င်းက ပြောသည်။

ယနေ့ ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ တာ့ခ်ခရိုင်ဝန် အပါအဝင် အာဏာပိုင်
အဖွဲ့အစည်း အသီးသီးမှတာဝန်ရှိသူများ၊ ကုန်သည်ကြီးများအဖွဲ့နှင့် ခရီးသွားလာ
ရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ယခုပြေးဆွဲမည့် Air Phoenix လေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးသည်
(၆၀)ဦး တင်ဆောင်နိုင်သည့် ပန်ကာ(၂)လုံးတပ် လေယာဉ်အမျိုးအစားဖြစ်သည်။

ခေတ်ပြိုင်မှ