နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, May 7, 2008

မြန်မာပြည်ကို ကူညီခွင့်ပေးဖို့ သမ္မတဘုရှ် မေတ္တာရပ်ခံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်
ထောင်စုမှာ အရပ်သားတွေကို အမြင့်ဆုံးချီးမြှင့်တဲ့ ကွန်ဂရက်စ်လွှတ်တော်ရဲ့
ရွှေတံဆိပ်ဆုချီးမြှင့်ဖို့ အတည်ပြု လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ
သမ္မတဘုရှ်က မုန်တိုင်းဒဏ်ခံနေရသော ပြည်သူတွေကို ကူညီခွင့်ပေးဖို့
စစ်အစိုးရထံ အခုလို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

“မြန်မာပြည်သူတွေကို ကူညီခွင့်ပေးပါ။ ကျနော်တို့ စစ်အစိုးရကို အကြောင်းကြားပါ
တယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ ခွင့်ပြုပါ”

“မြန်မာနိုင်ငံအတွင်းက အသက်ဆုံးရှုံးခဲ့ရသူတွေကို ကူညီရေး၊ ပျောက်ဆုံးနေသူ
တွေကို ရှာနိုင်ရေးအတွက် အကဲဖြတ်နိုင်မယ့် အမေရိကန် ရေတပ်ကယ်ဆယ်ရေး
တပ်ဖွဲ့ကိုကျနော်တို့ စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ အခြေအနေကို တည်ငြိမ်အောင်
ကူညီနိုင်ဖို့ပါ။ ဒီလိုကူညီနိုင်ဖို့အတွက် မုန်တိုင်းဒဏ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့
ပျက်ဆီးဆုံးရှုံးမှုတွေကို အကဲဖြတ်လေ့လာတဲ့ အမေရိကန်ပြည်ထောင်စုကအဖွဲ့ကို
စစ်အစိုးရဘက်ကခွင့်ပြုဖို့ လိုပါတယ်”

refer voa burmese