နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, June 27, 2008

ငလျင်လှုပ်တဲ့ အခါ ဘယ်လိုနည်းတွေနဲ့ အသက်အန္ဒရယ် ကင်းအောင် နေမလဲ

လာမယ့် ခွန်နှစ် နှစ်လောက်အတွင်း မေလ(၁၂)ရက်နေ့က တရုတ် စီချွမ် မှာ လှုပ်သွားတဲ့ ငလျင်ကြီးမျိုး၊ ၂၀၀၄ နိုင်ဝင်ဘာ(၂၄)ရက်နေ့က အင်ဒိုနီးရှား ဆူမားတားကမ်းခြေအလွန်မှာ ဆူနာမီလှိုင်ကြီးတွေဖြစ်စေခဲ့တဲ့ ငလျှင်ကြီးမျိုး သုံး ကြိမ်မက ထပ်လှုပ်နိုင်သေးတယ်၊ ဘယ်အချိန်ဘယ်နေရာမှာ ဖြစ်ပွားမယ်ဆိုတာ တော့ ခန့်မှန်းထားဖို့ခက်တယ်လို့ မြေလျင်ဆိုင်ရာ အထူးကျွမ်းကျင်သူ ဘူမိဗေဒ ပညာရှင်တွေက မှန်းဆထားကြကြောင်း မေလ(၂၆)ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ CNA သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။

British Journal Nature Geosciences စာစောင်ထဲမှာ US Geological Survey က ဘူမိဗေဒပညာရှင်တွေဟာ ၁၉၉၀ ပြည့်နှစ်ကစပြီး ၂၅ နှစ်အတွင်း (၂၀၁၅ ခုနှစ်အထိ) ရစ်ခ်ျတာစကေး ပြင်းအား ၇.၀ နဲ့အထက်ရှိတဲ့ မြေငလျင်ပေါင်း ၁၅ ခုလှုပ်မယ်၊ လူပေါင်း ၆၀၀၀၀ ကျော်သေဆုံး၊ ၂၀၀၀၀ ကျော် ပျောက်ဆုံးသွားတဲ့ စီချွမ် ငလျင်အပါဝင် ၂၅ နှစ်အတွင်း ငလျင်ကြီး ၁၂ ကြိမ် လှုပ် သွားပြီးလို့ ရေးသားတင်ပြထားတာလည်းတွေရပါတယ်။ ငလျင်ကြီး ၁၅ ကြိမ်လှုပ် မယ်လို့ ခန့်မှန်းခဲ့ပြီး ၁၂ ကြီမ်လှုပ်ခဲ့တဲ့အနက် ၈ ကြီမ်ကသာ ရစ်ခ်ျစတာ စကေး ၇.၀ အထက်သာရှိခဲ့တယ်လို့ US Geological Survey က တွမ်ပါဆန်စ် က ဆန်းစစ်ဖြည့်စွပ်တင်ပြတယ်။

ငလျင်ဆိုတာ “ ဘာ ”၊ “ ဘယ်မှာ ”၊ “ ဘယ်လို ”၊ “ ဘယ်လောက် ”၊ “ ဘယ်အချိန် ”ရယ်လို့ ကြိုမှန်းနိုင်ဘို့မလွယ်ဘူး၊ မရဘူးလို့ကြားသိထားတာကိုး CNA မှာ ပါတဲ့ (မူရင်းသတင်းဇစ်မြစ်က AFP ပါ) ငလျင်ဖြစ်နှိုင်ခြေသတင်းကြောင့် တစ်ကိုယ်တည်း ဟိုတွေး ဒီတွေး စိတ်မအေးဖြစ်သွားတဲ့ စာရေးသူဟာ မကြာခင်မှာပဲ American Rescue Team International ( ARTI ) က ထုန်ပြန် ထားတဲ့ “ ငလျင်လှုပ်တဲ့ အခါ ဘယ်လိုနည်းတွေနဲ့ အသက်အန္ဒရယ်ကင်းအောင် နေမလဲ ” ဆိုတဲ့ သတင်းဆောင်းပါးကို အင်တာနက်ပေါ်မှာ တွေလိုက်ပါတယ်။ ARTI ရဲ့ ဖေါ်ပြထားမှုက ဒီလိုပါ။

အင်အားပြင်းထန်တဲ့ ငလျင်ကြီးတွေလှုပ်ခတ်တဲ့ အခါ .....

(၁) အဆောက်အအုံတွေ ပြိုကျ၊ ပျက်ကျမှုဖြစ်နိုင်တယ်။ အဆောက်အအုံတွေ အတွင်းမှာ မနေပါနဲ့၊ ပြိုကျ၊ ပျက်ကျ၊ လဲကျနိုင်တဲ့ အရာဝတ္ထုတွေအနားမှာ၊ ကြား မှာ မနေပါနဲ့။

(၂) ငလျင်လှုပ်တဲ့အခါ အသက်အန္ဒရယ်ကင်းချင်ရင် ကြောင်၊ ခွေးနဲ့ ကလေးတွေ လေးဘက်ထောက်ပြီး ဝပ်နေတဲ့ပုံစံအတိုင်း ချက်ချင်းနေလိုက်ကြပါ၊ တစ်နေရာ တည်းမှာ ဝပ်မနေဘဲ အခြေအနေကြည်ပြီး နေရာရွှေ့ပြောင်းမှဲုဲပြုပါ။

(၃) ငလျင်လှုပ်တဲ့အခါ အလုံခြုံဆုံးအိမ်ဟာ သစ်သားနဲ့ဆောက်ထား၊ ကာထားတဲ့ အိမ်တွေသာ ဖြစ်ပါတယ်။ သစ်သားတွေဟာ ငလျင်လှုပ်အားအတိုင်း လိုက်လျော ညီထွေ ရွေ့ပါနိုင်တဲ့စွမ်းအား ရှိပါတယ်။ တကယ်လို့များ သစ်အိမ်ပြိုကျ၊ ပျက်ကျ သွားခဲ့ရင်တောင် “ ပိလာနိုင်တဲ့ အား ”ဟာ တစ်စစီ ကွဲထွက်သွားနိုင်တဲ့ အုတ်တွေလို မဟုတ်လို့ အသက်အန္ဒရယ် ထိခိုက်နိုင်တဲ့ စွမ်းအား တကယ်နည်း တယ်၊ ဒါဏ်ရာရရင်တောင် အုတ်အိမ်လောက် မပြင်းထန်နိုင်။

(၄) သင်ညပိုင်းအချိန် အိပ်ရာထဲရှိနေခိုက် ငလျင်လှုပ်ရင် ဆက်မအိပ်ပါနဲ့၊ အိပ်ရာ အနီး လုံခြုံလောက်မယ်ထင်တဲ့ နေရာမှာ ဝပ်နေပါ။

(၅) နားနားနေနေ တီဗွီကြည့်နေတဲ့ အခိုက် ငလျင်လှုပ်တယ်ဆိုရင် နီးရာတခါး၊ ပြတင်းပေါက်ကနေ အလွယ်တကူမထွက်လိုက်ပါနဲ့။ မလွတ်ခဲ့ရင် ဒုက္ခရောက် သွားနိုင်ပါတယ်။ တီဗွီထဲ လျှပ်စစ်ဓါတ်ဝင်မှု အမြန်ဖြတ်ပစ်လိုက်ပြီး နီးစပ်ရာ ဆိုဖာဆက်တီ တစ်လုံး၊ ဒါမှ မဟုတ် ထိုက်ခုံအကြီးတစ်လုံးဆီကို ဝပ်ပြီး အမြန် သွားပါ။

(၆) ငလျင်လှုပ်တဲ့အခိုက် အဆောက်အအုံပြိုကျတဲ့အခါ အိမ်တခါး၊ အထပ်မြင့် အဆောက်အုံ တခါးတွေဆီ သွားတဲ့လမ်းတွေမှာ ရှိနေခြင်းဟာ အသက်အန္ဒရယ် နှင့်နီးစပ်လှပါတယ်။ ခေါင်းအထက်က အင်္ဂတေ မျက်နှာကျက် ပြိုကွဲလာတဲ့အရှိန် ကြောင့် တခါးချပ်တွေ ကွဲထွက် ပွင့်ထွက် စင်ထွက်လာတက်လို့ပါ။ အန္ဒရယ်ကင်း နိုင်လောက်တဲ့နေရာမှာ ဝပ်စောင့်ပြီးမှ အဆောက်အုံရဲ့အပြင်ဘက်ကို သွားရပါ မယ်။

(၇) လှေကားထစ်တွေကို မယုံပါနဲ့၊ လှေကားတွေအနားမသွားပါနဲ့၊ ငလျင်တုန် အားကို လှေကားတိုင်း ခံနိုင်ရည်မရှိပါ။ အထူးသဖြင့် အဆောက်အအုံတွေမှာ အရေးပေါ်ထွက်ပေါက်အဖြစ် သီးသန့်တပ်ထားတဲ့ လှေကားတွေဆီကို အလော တကြီးမသွားမိဘို့ သတိပြုရပါလိမ်မယ်။ ငလျင်ကြောင့် အဆောက်အအုံကြီး ပြိုမ ကျဘူးဆိုရင်တောင် လှေကားတွေနဲ့ဝေးရာမှာ နေသင့်ပါတယ်၊ ဘေးထွက်တပ် ထားတဲ့ လှေကားတွေရဲ့ တည်ဆောက်ပုံစနှစ်ကို ယုံစားထားမိလို့ ဒုက္ခရောက် သွားခဲ့ရတဲ့ လူတွေ ဒုနဲ့ဒေးရှိပါတယ်။ အဆောက်အအုံရဲ့ ငလျင်ဒါဏ် မခံလိုက်ရ တဲ့ အပိုင်းကို ရှာဖွေအသုံးပြုပါ။

(၈) ငလျင်လှုပ်တဲ့အခါ အဆောက်အအုံအတွင်းမှာ ရှိနေခြင်းထက် အဆောက်အ အုံရဲ့ အပြင်ဘက်နံရံအနီး ဒါမှ မဟုတ် ဖြစ်နိုင်ရင် အဆောက်အအုံနှင့်ဝေးရာမှာ ရောက်ရှိနေခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အဆောက်အအုံအတွင်းကနေ ထွက်မရဖြစ်သွားခဲ့ရပြီး လှုပ်ရှားနိုင်စွမ်းရှိနေသေးတယ်ဆိုရင် ကယ်ဆယ်ရေးအဖွဲ့ တွေမြင်နိုင်၊ လက်လှမ်းမီနိုင်လောက်တဲ့ နေရာကို ကြိုးပမ်းရှာဖွေ သွားရောက် နေထိုင်ပါ။

(၉) ငလျင်လှုပ်ချိန် မောင်းသွားတဲ့ ယာဉ်တစ်စီးစီးပေါ်မှာ ရှိနေမယ်ဆိုရင် ယာဉ်ကို ချက်ချင်းရပ်ပါ။ ယာဉ်နဲ့ကပ်ပြီးလည်း မနေပါနဲ့တော့၊ ယာဉ်နဲ့ အနည်းဆုံး သုံးပေ ခွာပြီး ဆောင့်ကြောင့်ထိုင်နေပါ။ ဒါမှ မဟုတ် ဝပ်နေပါ။ ဒါမှ မဟုတ် လေးဘက် ထောက်ပြီးနေလိုက်ပါ။ ငလျင်လှုပ်တဲ့အခါ လမ်းပေါ်မှာရှိနေတဲ့ ကားထဲမှာ ထိုင်နေမယ်ဆိုရင် အသက်အန္ဒရယ်ကင်းဖို့ခက်ပါတယ်။

(၁၀) ငလျင်လှုပ်နေချိန်မှာ “ တွားသွား ” သွားခြင်းပဲ လုပ်သင့်ပါတယ်။ ငလျင် လှုပ်တဲ့အခါ စာအုပ်ပုံ၊ စက္ကူပုံတွေကို မိတ်ဆွေကောင်းလို ယူဆလိုက်ပါ။

မောင်မင်း