နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, August 27, 2008

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသည့်သတင်း NLD အတည်မပြုသေး

၂၆ သြဂုတ် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့် သတင်းများထွက်ပေါ်နေသည့် အပေါ် အတည် မပြုနိုင်သေး သော်လည်း စိုးရိမ်ပူပန်မိကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဟံသာမြင့်က “ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတော့ ကျနော်တို့ အတည်ပြုလို့မရဘူး။ မဟုတ်ဘူးလို့ပဲထင်တယ်။ ဒါပေမယ့် စိုးတော့စိုးရိမ်နေတယ်။ အစားအသောက် မယူတော့ဘူးဆိုတဲ့ ဟာလည်း ကြားနေပါတယ်။ အရင်တုန်းကတော့ ကိုမြင့်စိုးဆိုတာ အမြဲတမ်းသွားပို့တယ်ပေါ့။ ဂိတ်မှာ လူချင်းလဲလိုက်တယ်ပေါ့။ ဒေါ်ခင်ဝင်းဖြစ်ဖြစ် ထွက်ယူတယ်။ ဘေးမှာလည်း အက်စ်ဘီက ရှိနေတာပေါ့။ ခြင်းတောင်းထဲမှာ ဘာမှမပါဘူးဆိုရင် ဒေါ်ခင်ဝင်းက ယူမယ်၊ ယူပြီးနောက်တနေ့အတွက် ဘာဝယ်ပေးပါဆိုတဲ့ စာရင်းပေးတယ်။ ခုတော့ အဲဒါကို မယူတော့ဘူးပေါ့ဗျာ။ ထွက်ပြီးတော့ ယူတဲ့လူမရှိတော့ဘူးလို့ကြားတယ်” ဟု ပြောသည်။

ထိုသို့ အစားအစာ ထွက်မယူသည်မှာ သတင်း (၂) ပတ်ခန့်ရှိပြီဟု ကြားသိရသော်လည်း မည်သည့် အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အစားအစာ ထွက်မယူရခြင်းဖြစ်သည်ကိုမူ မသိရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အစားအစာ လက်မခံတော့သည်မှာ (၉) ရက်ရှိပြီ ဖြစ်ကြောင်း သြဂုတ် (၁၅) ရက်နေ့က နောက်ဆုံးလက်ခံခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ (၁၈) ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိချေ။

ခေတ်ပြိုင်မှ