နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, August 28, 2008

ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေပြီ NLD အတည်ပြု

၂၇ သြဂုတ် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအသောက်များ လက်မခံခြင်းသည် စစ်အစိုးရ အာဏာပိုင်တွေ ဘက်က ဒေါ်အောင်ဆန်းကြည်အပါအ၀င် အတူနေ ဒေါ်ခင်ဝင်း မိသားစုအပေါ် ကန့်သတ်ထားသည့် ပုဂ္ဂိုလ်ရေး ကန့်သတ်ချက်များအပေါ် မကျေနပ်၍ဆန္ဒပြနေခြင်း ဖြစ်သော်လည်း အစာငတ်ခံဆန္ဒပြ နေခြင်းဟု မယူဆကြောင်း ခေတ်ပြိုင်နှင့် အမေးအဖြေ ပြုလုပ်ရာတွင် အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောဆိုသည်။

မူလအကျယ်ချုပ်ကန့်သတ်ထားသည့် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား ပါတီနှင့်ဆက်သွယ်ခွင့်၊ အပြင်ထွက်ခွင့်နှင့် သံတမန်များနှင့်ဆက်သွယ်ခွင့်တို့ ပိတ်ပင်မှုမှအပ ကျန်အခွင့်အရေးများကို စစ်အစိုးရဘက်မှ ချုပ်ချယ်ခွင့်မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ယူဆကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

ချုပ်နှောင်ထားသည့်ကိစ္စ အယူခံခွင့် မရှိသည့်အချက်၊ ပြင်ပမှ ဒေါ်အောင်ဆန်း စုကြည် တကိုယ်ရည်သုံးပစ္စည်းများ ယူဆောင်ခွင့်ကို အာဏာပိုင်များက ကန့်သတ်ထားသည့်အချက်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ဝင်း သားအမိကို ခြံပြင်ပသွားလေရာ စစ်ထောက်လှမ်းရေးက လိုက်လံ နှောင့်ယှက်နေ သည့်အချက် စသည့် မူလချုပ်နှောင်သည့် ဥပဒေနှင့် မပတ်သက်သည့် ကန့်သတ်ချက်များ ခွင့်ပြုသည်ထိ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြသွားမည် ဖြစ်သည် ဟု အန် အယ်လ် ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ခေတ်ပြိုင်သို့ အတည်ပြုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့်အချက်များကို မိသားစုရှေ့နေ ဦးကြည်ဝင်း မှတဆင့် သက်ဆိုင်ရာ အာဏာပိုင်များကို တင်ပြထားပြီး ဖြစ်သော်လည်း အာဏာပိုင်တွေဘက်မှ ယခု သတင်းရေးချိန်ထိ အကြောင်းပြန် ကြားခြင်း မရှိသေးဟု စုံစမ်းသိရသည်။

မကြာခင်က ရန်ကုန်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည် မတွေ့ခြင်း သည် စစ်အစိုးရ ကန့်သတ်ချက်များကို မကျေနပ်၍ ဆန္ဒပြနေခြင်းနှင့် မပတ်သက်ဘဲ နိုင်ငံရေးအရ ဆောင်ရွက်ခြင်းဟု ယူဆကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် ပြီးခဲ့သည့်ဇန်န၀ါရီလက ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ရန်ကုန်မှာတွေ့သည့်အချိန်တွင် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်း ဇာတ်မျောဖြစ်နေ သည့် အတွက် မကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု ဦးဥာဏ်ဝင်းက ရှင်းပြ သည်။ ။

ခေတ်ပြိုင်မှ