နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, May 14, 2009

ဒေါ်အောင်ဆန်းစုကြည်ကို အထူး တရားရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ အင်းစိန် အထူးတရားရုံးသို့ ခေါ်ထုတ်သွားပြီ ဖြစ်သည်။

လက်ရှိအချိန်ဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးတင် တရားစွဲရန် စစ်အစိုးရက ပြင်ဆင်နေခဲ့ပြီး အင်လျားကန်ကို ဖြတ်၍ သူ၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား John William Yettaw အမှုနှင့် ပတ်သက် နေနိုင်သည်ဟု ယူဆရသည်။

ဒေါ်အောင်ဆန်းစုကြည်အပြင် သူနှင့်အတူ နေထိုင်နေသူ အမျိုးသမီး နှစ်ဦးကိုပါ တရားစွဲဆိုမှာလည်း ဖြစ်သည်။
---------------------

ဒေါ်အောင်ဆန်းစုကြည်သတင်း နောက်ဆက်တွဲ ၂
ကြာသပတေးနေ့၊ မေလ 14 2009 08:30 - မြန်မာစံတော်ချိန်

“မနက် ၇ နာရီလောက် လာခေါ်မယ်လို့ အစီအစဉ် ရှိတယ်။ အခုလောက်ဆို ခေါ်သွားလောက်ပြီ ထင်ပါတယ်။ တိတိကျကျ မသိဘူး။ စီစဉ်ထားတာ ၇ နာရီပါ။” ဟု မြန်မာစံတော်ချိန် ၈ နာရီတွင် မဇ္ဈိမသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ယခုအချိန် (မြန်မာစံတော်ချိန် နံနက် ၈နာရီ )တွင် ဦးညဏ်ဝင်းနှင့် သူမ၏ရှေ့နေ ဦးကြည်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရာသို့ သွားရောက် နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် စောင့်ရှောက်နေသည့် သားအမိ ၂ ဦးဖြစ်သူ ဒေါ်ခင်ဝင်းနှင့် သမီး တို့ကိုလည်း စစ်အစိုးရက ခေါ်ဆောင်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မည်သည့် ပုဒ်မများဖြင့် စွဲဆိုပြီး ရုံးထုတ်သည်ဆိုသည်ကို အတိအကျ မသိရသေးပါ။

“ကျနော်တို့ ထင်တာကတော့ သူ့ကိုထားတဲ့ အကျယ်ချုပ် ထားတဲ့ ဥပဒေပုဒ်မ ၂၂ ပေါ့။ စည်းကမ်းဖောက်တယ်ဆိုပြီး စွဲမယ်လို့ ထင်တယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး။ ဘယ်ဟာကို စည်းကမ်းဖောက်တယ်ဆိုတာ ကျနော်တို့ မသိသေးဘူး။ ဥပဒေထဲပါတဲ့ စကားလုံးကိုဘဲ ကျနော်ပြောနေတာ။” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ပုဒ်မ ၁ဝ (ခ) က အကျယ်ချုပ် ထိန်းသိမ်းတဲ့ ပုဒ်မဖြစ်ပြီး ပုဒ်မ ၂၂က အကျယ်ချုပ် ထိန်းသိမ်းစဉ် စည်းကမ်းဖောက်ပါက ထိန်းသိမ်းသည့် ပုဒ်မဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်စုအနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန်တို့ အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသည်။

မဇ္ဈိမ မှ