နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, July 13, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရက် ချိန်းဆို

ဒေါ်အောင်ဆန်းစုကြည်၏ ထပ်တိုး သက်သေ ဒေါ်ခင်မိုးမိုးကို ယနေ့အင်းစိန်တရား ခွင်၌ စစ်မေး ခဲ့ပြီးနောက် နှစ်ဘက် ရှေ့နေများ အပြီးသတ် လျှောက်လဲရန် ဇူလိုင်လ (၂၄) ရက်သို့ ရုံးချိန်း ပေးလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။


“တရားခွင်ကို မနက် (၁၀) နာရီကတည်းက စတယ်။ ညနေ(၅)နာရီခွဲမှပြီးပါတယ်။ အစိုးရရှေ့နေ တွေက အပြင်းအထန် မေးခွန်းတွေနဲ့ တောက်လျှောက်စစ်မေး နေလို့ ဒီလောက် ကြာသွားတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို နေသော အင်းစိန်တရားခွင်ကို နံနက် (၁၀) နာရီတွင် စတင်လေ့ ရှိသော်လည်း လာမည့် (၂၄) ရက်နေ့တွင်မူ မွန်းလွဲ (၂) နာရီသို့ ပြောင်းရွှေ့ချိန်းဆိုထားသည်။

ယနေ့တရားခွင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာ နိုင်ငံသို့ ဒုတိယ အကြိမ်မြောက် လာရောက်သည့် ဇူလိုင် (၃) ရက်တွင် စစ်ဆေးမည်ဟု ချိန်းဆို ထားမှုကို ပြောင်းရွှေ့ခဲ့သော တရားခွင်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှု အတွက် နအဖ စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူး တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အင်းစိန် အထူးတရားရုံးတရားခွင်၌ အစိုးရ ဘက်မှ တရားလိုပြ သက်သေ (၁၅) ဦး ထွက်ဆို စေခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန် အထူးတရားရုံးက တဦးတည်းသော သက်သေ ရှေ့နေဦးကြည်ဝင်း (လပွ တ္တာမြို့နယ်) ကိုသာ ထွက်ဆို ခွင့်ပြုခဲ့သည်။

ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆို ခွင့်ရခြင်းမှာ တရားမျှတမှု မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ ထပ်မံ တင်ပြရာ နောက်သက်သေ အဖြစ် ရှေ့နေ ဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်း တရားရုံးက ခွင့်ပြုပေး ခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင် တို့ အတွက် ဗဟို တရားရုံး အထိ သက်သေ ပြင်ဆင်ခွင့် အယူခံဝင် ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ယခုစွပ်စွဲအမှုဖွင့်ထားသည့် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ နအဖ စစ်အစိုးရ က အရေးယူ နိုင်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကာလ အတွင်း နေအိမ် အကျယ် ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ နေခဲ့ရပြီးဖြစ်သည်။

ခေတ်ပြိုင်မှ