နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Tuesday, July 14, 2009

မြန်မာနိုင်ငံကို တကမ္ဘာလုံးက စောင့်ကြည့်နေသည်ဟု ကုလအတွင်းရေး မှူးချုပ် ဘန်ကီမွန်း သတိပေး


မြန်မာစစ်အစိုးရသည် တိုင်းပြည်အတွက် အကောင်းဆုံးရလဒ်ကို ရွေးချယ်မည်လား သို့မဟုတ် ပြည်သူလူထု၏ ဆန္ဒနှင့် နိုင်ငံတကာ၏ မျှော်လင့်ချက်များကို လျစ်လျူရှု မည်လားဆိုသည်ကို ကမ္ဘာကြီးက အနီးကပ် လေ့လာစောင့်ကြည့် နေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေး ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင်များကို မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံ တင်ပြရာတွင် မစ္စတာ ဘန်ကီမွန်းက ပြောကြား သွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ၎င်းအနေဖြင့် ဘာတွေရလာသည်ဆိုခြင်းထက် မြန်မာ အာဏာပိုင်များထံတွင် ဘာတွေပေးခဲ့သည် ဆိုသည်က ပို၍ အရေးကြီးပါသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။


မြန်မာအစိုးရသည် ပေးထားသည့် ကတိအတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ၎င်းအဆိုပြု ထားခဲ့သည့်အတိုင်း လိုအပ်သည်များကို မကြာမီ အချိန်အတွင်း လုပ်ဆောင်လိမ့်မည်ဟု ၎င်းနှင့်အတူ နိုင်ငံတကာ အသိုင်းအ၀န်း က မျှော်လင့်ထားကြောင်း မြန်မာအစိုးရအား တင်ပြခဲ့သည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။

မြန်မာအစိုးရကို ပြောစရာရှိသည် များကို ရှင်းရှင်းလင်းလင်း တင်ပြပြီးဖြစ်သည့်အတွက် “မြန်မာ့နိုင်ငံ အရေးအတွက် အပြုသဘောတုံ့ပြန် ဆုံးဖြတ်ဆောင်ရွက်ဖို့ ဆိုတာဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေ အပေါ်မှာသာ မူတည်တယ်” ဟု ၎င်းက လုံခြုံရေးကောင်စီသို့ တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရသည် ကုလအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များကို မြန်မာပြည်သူများ ကသာ ခံစားရမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကိုယ်စား မြန်မာအစိုးရကို ဆွေးနွေးအဆိုပြု ခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာကိုပါ အဆိုပြုချက်များအား တုံ့ပြန်ရန် တာဝန်ရှိကြောင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး တင်ပြသွားသည်။

မစ္စတာဘန်ကီမွန်းသည် ဇူလိုင် (၃-၄) ရက်တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံအကြား ခိုင်မာသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်စေမည့် အခြေအနေများ ဖန်တီးပေးရန်ဆိုသည့် အချက်သုံးချက်ကို အဓိက တောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့သည်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင်များက ငြင်းပယ်လိုက်သည့် အတွက် ၎င်းအနေဖြင့် အလွန်စိတ်ပျက် သွားခဲ့ရပြီး မြန်မာနိုင်ငံ အတွက်လည်း အဓိကကျသည့် အခွင့်အလမ်း တခုကို လက်လွတ်ဆုံးရှုံး ခဲ့ရခြင်းဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းက လုံခြုံရေး ကောင်စီတွင် ပြောဆိုခဲ့သည်။

အကယ်၍ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် ပေးခဲ့မည်ဆိုပါက မြန်မာအစိုးရသည် အပြုသဘောဆောင်ပြီး အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးကို လိုလားကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာကပါ အသိအမှတ်ပြု ကြမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုသို့ မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေး ကောင်စီဝင်များကို ရှင်းလင်း တင်ပြရာတွင် ကောင်စီအဖွဲ့ဝင် တဦးဖြစ်သည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှ ဖြစ်ပျက်နေမှု များသည် ပြည်တွင်းရေး ကိစ္စသာဖြစ်သဖြင့် အစိုးရနှင့် မြန်မာပြည်သူ များကသာ ကိုင်တွယ်ဖြေရှင်း သင့်သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ခေတ်ပြိုင်မှ

Type the rest of your post here.