နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, August 6, 2009

နအဖ နျူကလီးယား အစီအစဉ်ကို စုံစမ်းဖေါ်ထုတ်မည်

မြန်မာစစ်အစိုးရရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပါတ်သက်လို့ စုံစမ်းဖေါ်ထုပ်ဖို့ နိုင်ငံတကာ အနျူမြူ စွမ်းအင် အေဂျင်စီ (IAEA) ကို အမေရိကန် ပြည်ထောင်စု နျူကလီးယား မပျံ့ပွားရေး ပညာရှင်တွေက တောင်းဆိုလိုက်ပါတယ်။

နအဖ စစ်အစိုးရက နျူကလီးယား ဓါတ်ပေါင်းဖို လျှိုဝှက် တည်ဆောက် နေတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အမေရိကန် ပြည်ထောင်စုရှိ နျူကလီးယား မပျံ့ပွားရေး ပညာရှင်တွေက IAEA ကို တောင်းဆို လိုက်တာပါ။ IAEA အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာ ပြည်မှာ နျူကလီးယား လက်နက် တပ်ဆင်ရေး လုပ်နေသလား ဆိုတာ ရှင်းရှင်း လင်းလင်း ဖြစ်အောင် ဆောင်ရွက်ဖို့ အမေရိကန် ပညာရှင်တွေက ဒီလို တောင်းဆိုချိန်မှာ မြန်မာ့ အိမ်နီးချင်း ထိုင်းအစိုးရက အလားတူ စုံစမ်းမှုကို စတင်ဆောင်ရွက်နေပြီလို့ သတင်းထွက်ပေါ်လာပါပြီ။
နအဖ စစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တွေ လုပ်နေသလားဆိုတာကို စုံစမ်း စစ်ဆေး နေတယ်လို့ ယူအန်အိုင် သတင်းမှာ ဖေါ်ပြထား ပါတယ်။
ထိုင်းအမျိုးသား လုံခြုံရေး အေဂျင်စီ အကြီးအကဲ သာဝီပလင်ဆရီက ထိုင်း ထောက်လှမ်းရေး အေဂျင်စီရဲ့ စုံစမ်းစစ်ဆေးမှု အရ ဘာ အထောက် အထားမှ မတွေ့ရ သေးကြောင်း ပြောတယ်လို့ ဆိုပါတယ်။
မြန်မာ စစ်အစိုးရဟာ အရှေ့တောင် အာရှ နျူကလီးယား ကင်းမဲ့ရေးဇုန် သဘော တူညီချက်ကို စောင့်ထိမ်း လိုက်နာမှာပါလို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားပါတယ်။

dvb မှ