နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, September 25, 2009

ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ

အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက မနေ့ည(၂၄-၉-၀၉) သတင်း တွင် ကြေညာသွားသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက် ကို မြန်မာ့ ရုပ်မြင်က ထုတ်လွှင့် သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူ လူထု အတွင်း လည်ပတ် သုံးစွဲ သွားမည် ဖြစ်ကြောင်း နှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။

ထင်မှတ်ထားခြင်း မရှိသော ကြေညာချက် ကြောင့် လူအများ အုတ်အော်သောင်း နင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့ မည်ဟု စိုးရိမ် ကုန်ကြ သည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။