နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, May 10, 2010

ရွှေဝါရောင်မျိုးဆက်ဒီမိုကရေစီလိုလားသူများရဲ့ Signatuer Campaign စတင်

၅-၅-၂၀၁၀ နေ့က အဘဦးဝင်းတင်နဲ့ Other side အပါအ၀င် အင်အားစု တော်တော်များများ အစည်းအဝေး လုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘ ဦးဝင်းတင်ပြောတဲ့ လူထုကို အခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။ အဲဒီ Campaignု အဘဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် ၇ နယ်က အင်အားစုများက ပါဝင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှု ကာလကို ၇-၅-၂၀၁၀ ကနေစပြီး ၇-၇-၂၀၁၀ (7 ဇူလိုင်နေ့ ) အထိ သုံးလတာ သတ်မှတ် ထားပါတယ်။ လှုပ်ရှားမှု စတင်တဲ့ ၇-၅-၂၀၁၀ နေ့မှာပဲ လက်မှတ်ပေါင်း သုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက် ခြောက်ချက်ရှိပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီး ခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွှတ်ပေးရန်။
၂။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်။
၃။ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန။်
၎။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးရန်။
၅။ ၁၉၉၀ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွန်းလာသော ပြည်သူ့ လွှတ်တော်များ အား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်။
၆။ NLD ပါတီကို တရားဝင် ရပ်တည်ခွင့် ပေးရန် တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့ လက်မှတ်များကို ဘယ်ကိုမှ တင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကို ဦးဆောင်တဲ့ အဘဦးဝင်းတင် အပါအ၀င် အဖွဲ့ဝင်များက သိမ်းထားမှာ ဖြစ်ပြီးတော့ မကြာခဏ အနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ ဘယ်မျှ ရရှိကြောင်း ကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့ NLD လူငယ်များ၊ Youth 109 ၊ ၂၀၀၇မျိုးဆက် ကျောင်းသားများ(ရန်ကုန်)နဲ့ အခြား ဒီမိုကရေစီရေး ဆောင်ရွက်နေသူ ပြည်သူအများ ပါဝင်ပါတယ်။ အဖွဲ့နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ လို့  ပေးထားပါတယ်။

ကိုဇော်မိုးအောင် မေးလ်မှ ပေးပို့ပါသည်